Recent Post

Showing posts with label Windows 7နှင့်နည်းလမ်းများ. Show all posts
Showing posts with label Windows 7နှင့်နည်းလမ်းများ. Show all posts

Sunday, August 18, 2013

Window Password မေ့တတ်သူများအတွက် အသုံးပြုရန် နည်းလမ်း

window password ကိုမေ့တတ်တယ်လို့ထင်ရင်ဒီလိုလေးလုပ်ထားတာအကောင်းဆုံးပါ.
ကိုယ့်ကွန်ပြူတာကိုအခုပြောပြမယ့်နည်းအတိုင်းလေးလုပ်ထားပြီး
password မေ့သွားရင် အရင်ပေးထားတဲ့ password ကို reset ပြန်ချလို့ရပါတယ်..
ဒီလိုလုပ်ဖို့အတွက်ကိုယ့်မှာ usb stick တချောင်းလိုပါတယ်..
နောက်ပြီးကိုယ့်ကွန်ပြူတာကလဲ window 7 ဆိုရင်ပိုအဆင်ပြေပါတယ်..
ဘာကြောင့်လဲဆိုတော့ကျတော်ခုပြောပြမှာက window 7 မှာမို့လို့ပါ..

ပထမဆုံး start ကိုနှိပ်ပြီး control panel ကိုဖွင့်ထားလိုက်ပါ..အဲ့ဒီမှာပုံထဲကလို user account မှာနှိပ်ပါ..

ပြီးရင်ပုံထဲကအတိုင်းအဆင့်ဆင့်လုပ်ဆောင်သွားပါ..
 ဒီနေရာမှာကိုယ့်ရဲ့ USB Stick ကိုထည့်ထားရပါမယ်..

 Current user account password ဆိုတဲ့နေရာမှာအခုလောလောဆယ်ကိုယ်ပေးထားတဲ့ window password
ကိုထည့်ပေးပါ..

ဒါတွေအားလုံးပြီးရင်တော့ပြီးပါပြီ..
ကျတော်တို့အခုလုပ်ထားတဲ့ ကောင်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကြည့်ရအောင်..
အခုကျတော့် window password ကိုမေ့သွားပြီဆိုပါတော့..



 ဒီနေရာမှာ password အသစ်ရိုက်ထည့်ပါ..မောက်ဆုံးက password hint ဆိုတာကမှားရင်ပြန်ရိုက်ခိုင်းတဲ့
အကြိမ်အရေအတွက်ပါ..

ပုံထဲကအတိုင်းလိုက်လုပ်ကြည့်ပါ..တကယ်ရပါတယ်...မေ့တတ်တယ်ဆိုရင်လုပ်ထားပေါ့..
 မန်ဘာဝင်...Fb LIKE လုပ်ပေးခြင်းဖြင့် အားပေးကြပါ

Wednesday, August 14, 2013

Windows7 တင်နည်းလေ့ကျင့်ခန်းနှင့် Format ချနည်း Partition ပိုင်းနည်း

ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့ နားလည်ပေးကြပါဗျာ..။

ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ

 Boot Menu ကိုရောင်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter တချက် ခေါက်ပေးလိုက်ပါ..။
 တကယ်လို့ Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့ ရွှေ့သွားလိုက်ပါ..။ ပြီးရင် အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာအကွက်မှာ ရေးထားတဲ့အတိုင်း F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။
 Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ ဒါဆိုရင်တော့ ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..

 အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ..
 အောက်ပုံမျိုးပေါ်လာရင် Next ကိုနှိပ်သွားလိုက်ပါ..
 ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..
 အောက်ပုံကတော့ Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို ရိုက်ထည့်ပါ..။ ပြီးရင် Apply ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင် Next ကိုနှိပ်...
 အောက်ကပုံကတော့ ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် မှတ်ထားသင့်ပါတယ်..။ ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...
 အပေါ်ပုံမှာတော့ အမှန်ခြစ်ထည့်ပြီ.. Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက ဖိုင်တွေကို copy ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...


အပေါ်ပုံအတိုင်း အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။ အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို ပြန်ထုတ်ထားလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ ပြီးရင်အောက်ကပုံအတိုင်းပေါ်လာရင် အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။

နောက်တဆင့်မှာတော့ အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင် အချိန်နာရီကို ရွေးပေးပါ..။ Next ပေါ်တိုင်းနှိပ်သွားလိုက်ပါ..။ System32 Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့ Product Key ကို သူ့ဖာသာ ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင် Restart ကျပါလိမ့်မယ်..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံလေးတွေအတိုင်း ပေါ်လာပါလိမ့်မယ်....


အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်တာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
 Credit လွင်မင်းဗိုလ်(နည်းပညာ)

Tuesday, August 13, 2013

Windows 7 Password ကို reset ချမယ်။ဆော့ဝဲမလို



Windows  Password မေ့သွားလို့  ရှိရင် Windows Password Remover Software တွေနဲ့  password ကိုဖျက်လို့ ရပါတယ်။အခုရေးမယ့်နည်းက အဲဒီဆော့ဝဲတွေ သုံးစရာမလိုဘဲ Windows 7 Password ကို ဖျက်နိုင်ပါတယ်။သင့်မှာလို အပ်တာက Windows 7 Installer CD/DVD တစ်ခုပါပဲ။ဒီနည်းကို Windows7 မှာ စမ်းသပ်ပြီးအဆင်ပြေပါတယ်။Windows 8 မှာတော့မရပါဘူး။

Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
 Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။
 အောက်က command နှစ်ကြောင်းကို  တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။

copy c:\windows\system32\sethc.exe c:\


copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။
 Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။

အောက်က command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset လုပ်နိုင်ပါတယ်။
net user username MyNewPassword
Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။

ပီးရင်အပေါ်မှာ  နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။

copy c:\sethc.exe c:\windows\system32\sethc.exe
   
www.kothuya.com
Facebook Page ကို Like ပြီးအားပေးပါအုံး

Windows 7 လက်တော့ မှာ wifi ဖွင့် ပြီးပြန်ရှယ်မယ့်နည်းလမ်းလေးပါ

windows 7 လက်တော့ မှာ wifi ဖွင့် ပြီးပြန်ရှယ်မယ်။တောင်းဆိုထားတဲ့ သူငယ်ချင်းတွေအားလုံးအတွက်ပါ။windows 8 မှာ တင်ပြပေးပြိးနောက်ပိုင်း windows 7 မှာရောလုပ်နည်းလေးတင်ပေးပါလို့ တောင်းဆိုလာလို့ အဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
(အဆင့် -၁) Start—ကနေ > control panel ကိုသွားပါ။
(အဆင့် -၂) control panel မှာ category ကနေ net work and  sharing Center  ကိုသွားပါ။
(အဆင့် -၃) Change adapter setting ကိုသွားပါ
(အဆင့် -၄) local area setting ကို right click လုပ်ပြီး properties ကိုဝင်ပါ။
(အဆင့် -၅) sharing ကို ကလစ်ပြီး Allow other network users to connect through this computer’s Internet connection  ကိုအမှန်ချစ်ပေးပါ။



(အဆင့် -၆) ပြီးရင် Network and Sharing Center ဆီကိုပြန်သွားပါ။


(အဆင့် ၇) “Setup a new connection" ဒါမှမဟုတ် network ကိုကလစ်ပါ။


(အဆင့် -၈) Set up a wireless ad hoc (computer-to-computer) network ကိုရွေးပေးပါ။


(အဆင့် -၉) next ကိုနိပ်ပေးပါ။ပြီးရင် wifi မှာနာမည်ပေးပြီး password ပေးပါ ။ security  ကို wap2 ကိုရွေးပေးပါ။ပြီးရင် save > next ကိုနိပ်ပေးပါ။



(အဆင့် -၁၀)ဒီအဆင့် မှာ wifi နာမည်နဲ့  password ကို မှတ်ထားပေးပါ။


(အဆင့် -၁၁)ဒီအဆင့် မှာတော့ ပြီးသွားပါပြီခင်ဗျာ။

 အားလုံးမင်္ဂလာပါ မိတ်ဆွေတို့ ရဲ့ သိထားတာလေးတွေကိုပြန်လည်မျှဝေခြင်တယ်ဆိုရင် မိတ်ဆွေတို့ ရဲ့ နာမည်နဲ့ ကျွန်တော့် ဘလော့ လေးမှာပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။မည်သည့် နည်းပညာမဆို
ပြန်လည်မျှဝေခြင်တယ်ဆိုရင် saithu102@gmail.com သို့ ပေးပို့ ပြီးနည်းပညာများပြန့် ပွားအောင်ကူညီပေးကြပါလို့  ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
စိုင်းသူနည်းပညာပြန်လည်မျှသေခြင်း

WindowsUpdateလုပ်တဲ့အခါမှာError တွေကျလာရင် System Update Readiness Toolနဲ့ဖြေရှင်းနည်း

Windows Update လုပ်တဲ့အခါမှာ Error တွေ ကျလာရင် System Update Readiness Tool နဲ့ ဖြေရှင်းနိုင်ပါတယ်။Error ကျလာရတာကတော့ သင့် ၀င်းဒိုး ရဲ့ file data,registry , system files စတာတွေ ပျက်ဆီးနေလို့ ဖြစ်ပါတယ်။ဒီလို အခြေအနေမျိုးမှာ System Update Readiness Tool ကို သုံးပြီးသင့်ကွန်ပြူတာရဲ့ ပျက်ဆီးနေတဲ့ system files တွေကို ပြန်ပြုပြင်ပေးမှသာ update လုပ်နိုင်မှာပါ။

Windows 8 user တွေ အတွက် system update readiness tool က နဂို ပါပြီးသားဖြစ်တဲ့ အတွက် ဒေါင်းလုပ်လုပ်စရာမလို ပါဘူး။Command Prompt ကို admin အနေနဲ့ ဖွင့်ပြီး အောက်က command တွေ ကို တစ်ခု ချင်းစီ ရိုက်ထည့် ပြီး enter ခေါက်ပါ။
1.  DISM.exe /Online /Cleanup-image /Scanhealth
2.  DISM.exe /Online /Cleanup-image /Restorehealth
 ပြီးရင် exit နှိပ်ပြီး command prompt ကို ပိတ်လို့ ရပါတယ်။Control Panel က Windows Update ကိုနှိပ်ပြီး update ပြန်လုပ်ကြည့်ပါ။



Windows 7, Windows Vista, Windows Server 2008 R2, and Windows Server 2008  အသုံးပြုသူတွေ အတွက် System Update Readiness Tool ကို Microsoft ၀က်ဆိုက်က ဒေါင်းလုပ်လုပ်ပြီး run ပါ။Instruction တွေအတိုင်းဆက်လုပ်သွားပါ။သင့်ကွန်ပြူတာက ပျက်ဆီးနေတဲ့ System Files တွေကို scan လုပ်ပြီး ပြုပြင်ပေးမှာ ဖြစ်တဲ့အတွက် အချိန်ကြာမြင့်နိုင်ပါတယ်။နောက်ဆုံး complete dialog box ပေါ်လာရင် တော့ Windows Update ပြန်လုပ်ကြည့်ပါ။အဆင်ပြေပါစေ။
                                                            www.kothuya.com

Definition List