Recent Post

Showing posts with label Facebookနှင့်သက်ဆိုင်သော. Show all posts
Showing posts with label Facebookနှင့်သက်ဆိုင်သော. Show all posts

Sunday, August 18, 2013

gmail မရှုံးအောင် Facebook အကောင့်သစ်ဖွင့်နည်း

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ မပြောပြချင်တော့လည်းပြောရတော့မယ့်အနေထားပါ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင်ကြိုးစားပြီးရှင်းပြမယ်ဗျာ။ နားမလည်ရင် စာရေးသူညံ့တာထက် သင်တို့သေချာမဖတ်ကြလို့ပါ။ မသိသေးသူများအတွက်ပါ။ winkabarkyaw.net ကရေးတာမရှင်းလို့ဆိုလို့ပါ။ ကျွန်တော်လည်း လူပြိန်းပါပဲ။ ကျွန်တော် networkedblogs ကိုမနှစ်ကတည်းကသုံးနေတာပါ။ အလွန်အဆင်ပြေပါတယ်။




http://adf.ly/NUprJ ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့ ကျွန်တော်ဝိုင်းထားတဲ့အတိုင်း Get Started Now ကိုဝင်ပါဗျာ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါဗျာ။
Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။ Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။
Tech in Blogging ကိုထောက်ပံ့တဲ့အနေနဲ့ credit ပေးပါ။ share ပါဗျာ။
     creditTech in Blogging

မန်ဘာဝင်...Fb LIKE လုပ်ပေးခြင်းဖြင့် အားပေးကြပါ

facebook ရဲ့  chat box မှာအရုပ်လှလှလေးတွေနဲ့ ချက်ချင်သူများအတွက်

facebook ရဲ့ ချက်ဘောက်မှာ အရုပ်ကလေးတွေနဲ့ အပြန်အလှန်ဆော့ ကစားတတ်တဲ့ သူငယ်ချင်းများအတွက်ပါ။သတိမမူဂူမမြင်တဲ့ ခင်ဗျ
facebook မှာ။အဲဒီအရုပ်ကလေးတွေရိုးအီနေလို့ တစ်ခြားအရုပ်လှလှလေးတွေထပ်လိုချင်တယ်ဆိုရင်ထပ်ထည့် ပေးလို့ ရပါတယ်ခင်ဗျာ
ဒါကိုသိပြီးသားသူငယ်ချင်းတွေလည်းရှိသလို မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့ အောက်ခြေက stricker ကိုနိပ်လိုက်ပါ။အဲဒီမှာ stricker store ပေါ်လာပါလိမ့် မယ်
မိမိကြိုက်တဲ့ အရုပ် ( stricker ) လေးတွေကိုအောက်ကအတိုင်းရွေးချယ်ပြီး (select) လုပ်ပေးလိုက်ပါ။
မန်ဘာဝင်...Fb LIKE လုပ်ပေးခြင်းဖြင့် အားပေးကြပါ

အိုကေသွားပါပြီခင်ဗျာ။
စာဖတ်သူဟာကျွန်တော်တို့ ထက်သိနေတာတွေတတ်နေတာတွေရှိပါတယ်။အကြောင်းအမျိုးမျိုးကြောင့်  အများသူငှာကိုပြန်လည်ဝေမျှချင်ရင်(ဥပမာ-e-book ပဲဖြစ်ဖြစ် နည်းပညာပဲဖြစ်ဖြစ်) ပြန်လည်ဝေမျှချင်ရင်ကျွန်တော့် ဘလော့ မှာမိတ်ဆွေတို့ ရဲ့ နာမည်နဲ့ အတိအကျပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။
ဆက်သွယ်ရန်လိပ်စာကတော့ saithu102@gmail.com /www.saithu777@facebook.com သို့ ဆက်သွယ်ပေးပို့ ကြပါခင်ဗျာ။

Saturday, August 17, 2013

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း



            Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။ အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

                                 53 KB သာရှိတဲ့ Latest CookieSwap Add-on ကို Firefox Browswer တွင် အသုံးပြုရန် ဤနေရာတွင် Download ရယူပါ။ Latest CookieSwap Add-on ကို Firefox Browser Version 4 မှ နောက်ဆုံးထွက် Version 9 ထိအောင်အသုံးပြုနိုင်ပါတယ်။ Firefox 1.5 မှ 3.6 ထိ Version များအတွက် ဤနေရာတွင် ရယူပါ။ ပြီးနောက် Install ပြုလုပ်၍ လက်ရှိအသုံးပြုနေသော Firefox Browser ကို Restart (ပိတ်ပြီးပြန်ဖွင့်) ပေးရပါမယ်။ Firefox Browser ပြန်တက်လာသောအချိန်တွင် Browser Window ၏အောက်ခြေရှိ Add-on Bar ၏ညာဘက်စွန်းတွင် CookieSwap icon သင်္ကေတကိုမြင်ရပါလိမ့်မယ်။ လိုအပ်သည့် Setting များကို ချိန်ညှိုပေးနိုင်ရန် ၎င်းသင်္ကေတပေါ်တွင် Click တစ်ချက်နှိပ်ပေးပြီး Options ကိုရွေးပါ။ အောက်တွင်ပြထားသကဲ့သို့ CookieSwap Control Panel Window တက်လာပါလိမ့်မယ်။
                              ၎င်းနောက် Options Tab အောက်ရှိ၊ After switching to a new profile: Menu တွင် Don't reload any pages ကို Click နှိပ်၍ Select လုပ်ပေးပါ။ Default Setting အတိုင်းပါရှိသော Reload the current page နေရာတွင် Select လုပ်ထားပါက နောက်ပိုင်းတွင် Profile Account တစ်ခုကို ချိန်တိုင်း လက်ရှိ Web Page က Automatic Reload ပြုလုပ်သည့်အတွက် အချိန်ကြာမြင့်နိုင်သလို၊ လက်ရှိအသုံးပြုနေသည့် Account ကိုလည်း Sign Out ဖြစ်သွားနိုင်ပါတယ်။ ပြီးနောက် Status bar options: အောက်ရှိ Delay display of CookieSwap menu on left-click ကို Select လုပ်ပေးပါ။ အသုံးပြုချိန်တွင် Double Click လုပ်ပြီး အခြား Profile Account တစ်ခုကို ပြောင်းချိန်မှာ ပိုမို အဆင်ပြေနိုင်ရန်ဖြစ်ပါတယ်။
                             ထို့နောက် Manage Profiles Tab ကိုပြောင်းပါ။ လက်ရှိ အသုံးပြုနေသော Account Profile ၏နောက်တွင် (active) ဟူ၍ပေါ်နေမည်ဖြစ်ပြီး၊ အမည်ပြောင်းလဲ သတ်မှတ်လိုပါက Rename ကို နှိပ်၍ မိမိနှစ်သက်ရာ နာမည်ကို ရေးခါ Ok ကိုနှိပ်ပါ။ ထို့နောက် CookieSwap Control Panel မှ OK ကိုနှိပ်ပါ။ CookieSwap ကိုအသုံးပြု၍ လက်ရှိအသုံးပြုနေသော Site များကို အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။ လက်ရှိအသုံးပြုနေသော Account များမှ User Name များနှင့် Password များသည် လက်ရှိ Active ဖြစ်နေသော Profile တွင် Save ပြုလုပ်ထားမည်ဖြစ်ပြီး၊ ၎င်းအကောင့်များကို အသုံးပြုလိုသည့်အခါတိုင်း ယခု Profile ကို Add-on Bar မှ CookieSwap Icon ကို Click နှိပ်ခါ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
                            နောက်အကောင့်တစ်ခုကို အသုံးပြု၍ Sign In ပြုလုပ်နိုင်ရန် Firefox Browser မှ New Tab Button ကို Click နှိပ်ပါ။ Add-on Bar မှ CookieSwap Icon ပေါ်တွင် Click နှိပ်၍ အထက်တွင် အသုံးပြုခဲ့သော Profile မဟုတ်သည့် အခြား Profile တစ်ခု (ဥပမာ- Profile 2) ကိုရွေးပါ။ ထို့နောက် အသုံးပြုလိုသည့် Site သို့သွား၍ User Name နှင့် Password များကို ထည့်ခါ Sign In ပြုလုပ်ပါ။ မိမိအသုံးပြုနေသော Browser ၏ Password Manager မှာ Activate ဖြစ်နေရန်လိုအပ်ပါတယ်။ သို့မဟုတ် Remember Password ကို Tick လုပ်ပေးပြီးမှ Sign In ဝင်ပါ။  Browser တစ်ခုမှနေ၍ အကောင့် ၂ ခုကိုတပြိုင်တည်း အသုံးပြုရန် အဆင်သင့်ဖြစ်ပါပြီ။ ၂ ခုထက်ပို၍ အသုံးပြုလိုပါကလည်း၊ အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်း CookieSwap မှ Profile အသစ်တစ်ခုကို ရွေးချယ်ခါ Sign In လုပ်ပေးခြင်းဖြင့် အသုံးပြုနိုင် ပါတယ်။ မိမိသတ်မှတ်ထားသော Account များနှင့် CookieSwap Profile ကိုတွဲ၍ မှတ်ထားပါ။ Account နောက်တစ်ခုကိုအသုံးပြုလိုတိုင်း Firefox Broswr မှ New Tab ကို Click နှိပ်ခါ သတ်မှတ်ထားသော CookieSwap Profile ကိုရွေးချယ် ပေးခြင်းဖြင့် အခြား Account တစ်ခုကို အဆင်ပြေလွယ်ကူစွာ တပြိုင်နက်တည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မှတ်ချက်။    ။Public Internet ဆိုင်ကဲ့သို့သော နေရာများတွင် Cookie Swap ကိုအသုံးပြုပြီးလျှင် မိမိအသုံးပြုထားသော User Name များ၊ Password များကို ပြန်လည်ရှင်းလင်းခဲ့ရန် လိုအပ်ပါမယ်။ Add-on Bar မှ CookieSwap Icon ကို Click နှိပ်ပြီး၊ Remove Cookies (all profiles) ကိုရွေးချယ်ခါ မိမိအသုံးပြုခဲ့သော User Name များ၊ Password များကို ဖယ်ရှား နိုင်ခဲ့မှာဖြစ်ပါတယ်။ 
                                               မန်ဘာဝင်...Fb LIKE လုပ်ပေးခြင်းဖြင့် အားပေးကြပါ
Credit http://stamedia.blogspot.com/

Definition List